LCCI

London Chamber of Commerce and Industry (လန်ဒန်စက်မှု့လက်မှု့ ကုန်သည်ကြီးများ အသင်းချုပ်) ရဲ့ အတိုကောက်ပါ။ ၁၈၈၁ ခုနှစ်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ စတင်အခြေစိုက် ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိတိုင် အောင်မြင်ထင်ရှားစွာ ရပ်တည်နေသော အဖွဲ့ကြီးဖြစ်ပါတယ်။

LCCI အသင်းချုပ်က ကြီးမှူးပြီး LCCI Examination Board ကို ဖွဲ့စည်းပြီး ကမ္ဘာပေါ်ရှိ အဖွဲ့အစည်းတိုင်းအတွက် ထောက်ပံ့ပေးနိုင်သော ပညာတတ်အင်အားစုတစ်ရပ်ကို မွေးထုတ်ရန် ရည်ရွယ်ပြီး Account, Management, Marketing, Information, Technology and Foreign Language အစရှိသည့် ပညာရပ်များကို စစ်ဆေးပြီး နိုင်ငံတကာ အသိအမှတ်ပြု Certificate, Diploma, Degree, Master စသည့် အဆင့်အသီးသီးကို အပ်နှင်းချီးမြှင့်ပေးနေပါတယ်။

UK မှ တိုက်ရိုက်ချီးမြှင့်သော လက်မှတ်များတွင် LCCI စာရင်းကိုင် ပညာရပ်သည် ကုန်ကျစရိတ်သက်သာပြီး Highly recognized by worldwide employers ဖြစ်သည့်အတွက် ကမ္ဘာတစ်ဝန်းတွင် Person LCCI Exams ဝင်ရောက်ဖြေဆိုသူများစွာ ရှိပါသည်။ ၁၀ တန်းအောင်လို့ အဆင့်မြင့်ပညာ အသက်မွေးဝမ်းကျောင်း ပညာတွေစပြီးသင်တော့မယ်ဆိုရင် လူငယ်တွေအနေနဲ့ ရွေးချယ်ရမယ့် လမ်းကြောင်းတွေ အများကြီးရှိနေပါတယ်။

LCCI (UK) ဘာသာရပ်တွေက Vocation အသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်ပြီး Level 3 အထိ အောင်မြင်ပြီးဆုံးရင် စာရင်းကိုင် တစ်ယောက်အဖြစ်နဲ့ ဝင်ငွေရှာသလို ဘဝအနာဂါတ်အတွက် Professional Accountant တစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့ ပထမဦးဆုံးစတင်လိုက်တဲ့ ခြေလှမ်းပဲ ဖြစ်ပါတယ်။ ဝင်ငွေကောင်းမွန်ပြီး အနာဂါတ်ဘဝ ခိုင်မာဖြောင့်ဖြူးတဲ့ Professional Accountant တစ်ယောက်ဖြစ်ဖို့အတွက် ရည်မှန်းချက်ရှိတဲ့ လူငယ်တွေအနေနဲ့ ပထမဦးဆုံး LCCI Level I,II(Certificate) နဲ့ Level III (Diploma) ရရှိဖို့လိုအပ်ပါသည်။
LCCI ဘာသာရပ်တွေကို Level I, II နှင့် III ဆိုပြီး ခွဲထားပေးပါတယ်။
Level I – Book-Keeping (စာရင်းရေးသွင်းထိန်းသိမ်းခြင်းပညာ)
Level II – Book-Keeping and Accounting (စာရင်းရေးသွင်းခြင်းနှင့် စာရင်းကိုင်ပညာ)
Level III တွင် ဘာသာရပ် ၄ မျိုးခွဲထားပါသည်။
– Accounting (IAS)
– Cost and Management Accounting
– Advanced Business Calculation
– Business Statistics
Level I&II အတွက်က Certificate of Bookkeeping and Accounting ရမှာ ဖြစ်ပါတယ်
Level III ဆိုရင်တော့ အနည်းဆုံး ၃ ဘာသာ အောင်ရပါမယ်။ မိမိရွေးချယ်မှု့ပေါ်မူတည်ပြီး
– Diploma in Accounting
– Diploma in Cost and Management Accounting
– Diploma in Accounting and Finance တို့ ရရှိမှာပဲ ဖြစ်ပါတယ်။
Person LCCI Exam Fees များ
Level 2 – 55,000 ကျပ် ဝန်းကျင်
Level 3 – 60,000 ကျပ် ဝန်းကျင်
Exam fees ကို ကိုယ်ဖြေဆိုမည့် လစာထက် 2 လခန့် စောပြီး British Council သို့ သွင်းရပါတယ်။
LCCI ဘာသာရပ်တွေကို ဖြေဆိုအောင်မြင်ခဲ့ပြီး Certificate နဲ့ Diploma ရရှိပြီး နောက်တစ်ဆင့် သင်ကြားလေ့လာရမယ့် ACCA(UK) ရဲ့ Applied Knowledge, Applied Skills နဲ့ Strategic Professional Level များအား သာမန်အသက်မွေးဝမ်းကျောင်းပြုနေတဲ့ စာရင်းကိုင်တစ်ယောက်ဘဝ ကနေ professional level အဆင့် Chartered Certified Accountant တစ်ယောက်ဖြစ်ဖို့အတွက် အရောက်ပို့ဆောင်ပေးမယ့် ပညာလှေကားထစ်တွေ ဖြစ်ပါတယ်။