LCCI Knowledge Sharing 4

Accured Expense (ပေးရန် ကျန်စရိတ်)
ကျွန်တော်တို့အနေနဲ့ Financial statement တွေရေးဆွဲတဲ့အခါ ​ ငွေတစ်ကယ် ဝင် ၊ ငွေတစ်ကယ် ထွက်တဲ့ (Cash basis ) ကို မကြည့်ပါဘူး။ စာရင်းရေးဆွဲ့တဲ့ ကာလနဲ့ သက်ဆိုင်တာကို ကြည့်တာပါ။ ဒါကြောင့် အရောင်းစာရင်းတွေမှာ အကြွေးရောင်းလည်း ထည့်သလို လက်ငင်းရောင်းလည်းထည့်ကြရပါမယ်။အဓိက ရည်ရွယ်ချက်ကတော့ အဲဒီကာလမှာရှိတဲ့ အရှုံးအမြတ်ကို မှန်ကန်စွာ သိနိုင်ဖို့အတွက်ပါ။
ဥပမာ
SOPOL ရေးဆွဲရခြင်းသည် လုပ်ငန်း၏ တစ်နှစ်စာ အရှုံးအမြတ်ကို သိချင်၍ ရေးဆွဲခြင်းဖြစ်ပါတယ်…..
ထိုကြောင့် ဝင်ငွေ(income)ကို ပြတဲ့အခါ ၁၂လစာ ဝင်ငွေကို ပြရမှာဖြစ်သလို စရိတ်(expense)ကိုပြတဲ့အခါမှာလည်း ၁၂လစာ ပြရမှာဖြစ်ပါတယ်…..
ဒါမှသာ ၁၂လစာ အရှုံးအမြတ်ကို သိနိုင်မှာဖြစ်ပါတယ်……
Accrued ၏ အဓိပ္ပါယ်သည် (ကျန်)လို့ အဓိပ္ပါယ်ရပါတယ်…
Accrued expense(စရိတ်ပေးရန်ကျန်) လေးကို ဥပမာအနေနဲ့ကြည်ရအောင်။
ဥပမာ-လုပ်ငန်းက insurance ကို တစ်လလျှင် $1000 ပေးရမယ်ဆိုပါစို့….ဒါဆို SOPOL ရေးဆွဲတဲ့အခါ expenseခေါင်းစဉ်အောက်မှာ insuranceကိုပြလျှင် တစ်နှစ်စာ $12000(12×$1000)ကိုပြရမှာပါ…သို့သော် လုပ်ငန်းသည် စာရင်းပိတ်တဲ့ အချိန်အထိ insurance အတွက် ကိုးလစာ $9000 ငွေပေးပြီးသွားပြီ…….
သုံးလစာ $3000 က ငွေမပေးရသေးဘူးဆိုပါစို့……
ဒါဆို ပေးရန်ကျန်နေတဲ့ သုံးလစာ $3000ကို Accrued expense(စရိတ်ပေးရန်ကျန်)လို့ခေါ်ပါတယ်။
SOPOLမှာပြလျှင် ငွေပေးပြီးသား $9000 အပြင် ပေးရန်ကျန်နေတဲ့ $3000 ကို ပေါင်းပြီး တစ်နှစ်စာ $12000 ကိုပြပေးရမှာပါ။
$3000သည် ငွေမပေးရသေးသည့်အတွက် SOFP ရေးဆွဲတဲ့အခါ ပေးရန်ရှိအနေနဲ့ current liability မှာ ပြထားပေးရမှာပါ။
ဒါကြောင့် accrued expense ကို Double entryသွင်းပါက သက်ဆိုင်ရာ expense (ပေါင်း) -Dr (SOPOL)Accrued expense (liability)-Cr(SOFP)