CPA KNOWLEDGE SHARING 6

Fraudulent Financial Reporting ဆိုတာ Financial Statement တွေပေါ် မှာ အမှား (misstatement) တွေကို ရည်ရွယ်ချက်ရှိရှိ နဲ့ လိမ်လည်လှည်ဖြားတာမျိုးပါ။

#ဘယ်လို လုပ်ငန်းတွေမှာ ​​ဖြစ်တတ်လဲ
ဒီနေရာမှာ ပိုင်ရှင်နဲ့ management နဲ့ မတူတဲ့ လုပ်ငန်းကြီးတွေ / အများပိုင် company တွေမှာဖြစ်တတ်ပါတယ်။

#ဘယ်လိုမျိုးလုပ်လေ့ရှိလဲ
1️⃣ဝင်ငွေ /စရိတ်တွေ ကို Financial year ပြောင်းပြတာမျိုးတွေ
2️⃣Accounting estimate ဖြစ်တဲ့ provision တွေလျော့ပြတာတွေ
3️⃣ကြွေဆုံးလျာထားချက် လျော့ပြတာတွေ
4️⃣Asset တွေရဲ့ အသုံးဝင်သက်တမ်းတွေတိုးပြတာတွေ
5️⃣Expense အနေနဲ့ထည့်ရမယ် စရိတ်တွေကို Asset အနေနဲ့တွေပြတာတွေ စသဖြင့်ပေါ့

#ဘာကြောင့် လုပ်တာလဲ
1️⃣Performance related pay systemတွေကြောင့် (ဥပမာ target profit ရရင်Dirctor တွေကိုBonus ပေးမယ်) အမြတ်ပိုပြတာတွေ
2️⃣Company ရဲ့ share price တွေကျမှာကြောက်တာတွေ အမြတ်ပိုပြတာတွေ
3️⃣Director တွေမှာ ရိုးသားမူ( integrity )မရှိတာ
4️⃣Market pressure တွေ ကြောင့်ဖြစ်တတ်ပါတယ်

#ဘယ်သူတွေက တားဆီးပေးနိုင်မလဲ
လုပ်ငန်းရဲ့ management တွေနဲ့ independent ဖြစ်တဲ့ External Auditor နဲ့ Non-Executive Director တွေပါပဲ ဖြစ်ပါတယ်။

Win Bo Myint Accountancy Training Centre
CPA.ACCA.Dip IFR.LCCI.DA.ICM