cpa knowledge sharing 4

ဘာကြောင့် IAS -17 lease ကို ပြင်ဆင်ဖို့ လိုတာလဲ (IFRS -16 Lease)
ခုနောက်ပိုင်းမှာ လက်ရှိရှိနေတဲ့ IAS တစ်ချို့ ကို Revised လုပ်ပြီးတော့ IFRS ဆိုပြီးတော့ အသစ်တွေ ထွက်လာတာကို သတိပြုမိကြမှာပါ။ ဘာကြောင့်များ Revised လုပ်နေသလဲ။ အဓိကအကြောင်းအရင်းကတော့ IASB Concept Framework နဲ့ မကိုက်ညီတဲ့ IASတွေရယ် ၊ နောက်တစ်ချက်ကတော့ Manipulation လုပ်ဖို့ အခွင့်ရေးပေးထားတဲ့ IAS တွေရယ် ကို ပြန်ပြင်နေတာပါ။
IAS 17 နဲ့ ပတ်သက်ပြီး ဝေဖန်စရာတွေရှိတာက Similar Transaction ကိုပဲ Different AccountingTreatment တွေဖြစ်နေတာ။ ဥပမာ Useful life ၁၀ နှစ်ခံတဲ့ Asset ကို ၈/၉ လောက် ငှားရင် Finance lease ဆိုပြီး Asset လို့ စာရင်းသွင်းပြီးတော့ ၃/၄ လောက်ပဲ ငှားရင်operating Lease ဖြစ်နေပြန်ရော။ အဲဒီ Classification ပြသာနာသည် Performance Measurement Ratio တွေဖြစ်တဲ့ ROCE နဲ့ Gearing Ratio ကို ထိခိုက်စေတယ်။ operating Lease လို့ Classification လုပ်တဲ့သူတွေက ROCE နဲ့ Gearing Ratio ကို ကောင်းသွားနိုင်တယ်။
နောက်တစ်ချက်ကတော့ Asset ရဲ့ Definition နဲ့ မကိုက်ညီတာ။ ပုံမှန်ဆိုရင် Future မှာ Economic Benefit ရနိုင်ရင် Asset ဆိုပြီးတော့ ပြောထားပေမယ့် 3/4 လောက်ငှားတဲ့ asset ကို ကျတော့ Future Economic Benefit လည်းရနိုင်ပါလျှက်နဲ့ Expense အဖြစ်နဲ့ စာရင်းသွင်းနေတာပေါ့။ ဒီအချက်ဟာ IASB Conceptual Frame Work မှာပြောထားတဲ့ Asset Definition နဲ့ မကိုက်ညီဘူး။ဒါတွေကြောင့် ပြင်ဆင်နေတာပါ။
WBM Auditing & Accounting Service