LCCI Knowledge Sharing 6

LCCI တက်ရောက်နေကြတဲ့ ကျောင်းသား ကျောင်းသူများအတွက် မျှဝေပေးချင်တဲ့ အကြောင်းအရာလေးကတော့ Financial Statement ရေးဆွဲရင် မလွဲမသွေ တွေ့ကြုံရမဲ့ prepaid expense အကြောင်းလေးပဲ ဖြစ်ပါတယ်။

=====================================

Prepaid expense (စရိတ်ကြိုတင်ပေး)
ကျွန်တော်တို့အနေနဲ့ SOPOL ရေးဆွဲတဲ့အခါ expense ဆိုလျှင် တစ်နှစ်စာပြကြပါတယ် .ဒါပေမဲ့ expense ကို ကျွန်တော်တို့အနေနဲ့ တစ်နှစ်ထက်ပိုပြီး ငွေပေးထားတာမျိုးလည်း ရှိနေနိုင်ပါတယ်….
ဥပမာ-insurance အတွက် တစ်လလျှင် $100
ပေးရသည်ဆိုပါစို့…လုပ်ငန်းသည် စာရင်းပိတ်သည့် ကာလအတွင်းမှာ insuranceကို တစ်နှစ်စာ $1200 အပြင် နောက်နှစ်အတွက် ၆လစာပါကြိုပြီးစုစုပေါင်း ၁၈လစာ$1800ငွေပေးချေထားလျှင် ငွေပေးလိုက်ရတဲ့ $1800 ကို SOPOL ရေးဆွဲတဲ့အခါ အကုန် ပြလို့မရပါဘူး……၁၂လစာ $1200ကိုသာပြရမှာပါ…
ဒါကြောင့် ငွေပေးလိုက်ရတဲ့ $1800 ထဲက နောက်နှစ်အတွက်ကြိုတင်ပေးထားတဲ့ ၆လစာ $600 ကိုနုတ်ပေးရမှာပါ….အဲ့ဒီကြိုတင်ပေးထားတဲ့ $600 ကို ကျွန်တော်တို့အနေနဲ့Prepaid expense(စရိတ်ကြိုတင်ပေး)လို့ ခေါ်ပါတယ်…
Prepaid expense ကို စာရင်းညှိတဲ့အခါ သက်ဆိုင်ရာ expense မှာ တစ်ခါနုတ်မယ်..ငွေကြိုပေးထားတဲ့အတွက်ရရန်ရှိအနေနဲ့ current asset မှာ တစ်ခါပြရပါမယ်…
ထို့ကြောင့်Prepaid expense ၏ Double entry သည်
သက်ဆိုင်ရာ expense(နုတ်) -Cr (SOPOL)
Prepaid expense. -Dr. (SOFP-current asset)
ဖတ်ရှု့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်…စာရင်းအင်းပညာလေ့လာတဲ့အခါမှာ အထောက်အကူဖြစ်ရင်ကျေနပ်ပါပြီ……