acca knowledge sharing 3

ACCA F7/ Dip IFR/ P2 စသည့် Financing Reporting Paper တွေကို သင်ကြားခဲ့ စဉ် တစ်လျှောက်လုံး မကြာခဏဆိုသလို မေးတတ်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။

မေး။ ။ Company ABC က နေ Company XYZ ကို land and building ကို ရောင်းလိုက်တယ်။ ရောင်းစျေးက 5 million ဆိုပါစို့။ 5 million ကို နောက်သုံးနှစ်နေမှ ပေးရမယ်လို့ စာချုပ်မှာ ထည့်ထားတယ်။ ဒီချိန်မှာ Accounting Treatments နဲ့ပတ်သက်ပြီး Guide line ပေးထားတာက present value နဲ့ ပြောင်းပြီး စာရင်းသွင်းရမယ်။ သိချင်တာက ဘာလို့ present value နဲ့ ဘာလို့ သွင်းရတာလဲ။ 5 million အတိုင်းရောသွင်းလို့ မရဘူးလား။ ဘာကွာခြားသွားလို့လည်းတဲ.။

ဖြေ။ ။ သုံးနှစ်နေပြီးမှ 5 million ပဲပေးရမယ်ဆိုတာ သာမန်မဟုတ်နိုင်ဘူး။ Financing arrangement ပါနေတာဖြစ်နိုင်တယ်။ ဆိုလိုချင်တာက သုံးနှစ်တာအတွက် interest အနစ်နာခံပြီးတော့ ဘယ် company မှ 5 million ဆိုတဲ့ပမာဏကို interest free ပေးမှာမဟုတ်ဘူး။ ဒါကြောင့် Company ABC အနေနဲ့ စာချုပ်ထဲမှာ interest လို့တရား၀င် ထည့်တောင်းသည်ဖြစ်စေ၊ မတောင်းသည်ဖြစ်စေ contract price ထဲမှာ ကိုယ့်လုပ်ငန်းက နစ်နာတဲ့ အတိုးကို ပြန်ရအောင် market interest % ကို ထည့်တောင်းထားမှာပဲ။ ဒါကြောင့် contract price ထဲမှာ ပုံမှန်ရောင်းစျေးရယ်၊ interest ရယ် ပါနေမယ်။ ဒါကြောင့် ပုံမှန်ရောင်းစျေးရယ် အတိုးရယ်ကို ခွဲထုတ်ဖို့လိုလာပါလိမ့်မယ်။ ဒါကြောင့် contract price ကို market မှာ ရှိတဲ့ interest % ကို ယူပြီးတော့ present value ပြောင်းရပါတယ်။ present value ကသာလျှင် အမှန်တစ်ကယ် ရောင်းစျေးဖြစ်တဲ့အတွက် present value ပြောင်းထားတဲ့ Revenue လို့ ချက်ချင်းစာရင်းသွင်းရပါမယ်။ Total contract price နဲ့ present value of revenue နဲ့ ခြားနားချက်သည် interest income ဖြစ်တဲ့အတွက် နောက်လာမယ့်သုံးနှစ်မှာတော့ present value ပေါ်မှာ market interest % နဲ့ interest တွက်ပြီး interest income လို့ နှစ်စဉ်ပြသွားရပါမယ်။

(IFRS-15 revenue from contract with customer ရဲ့ step (3) မှာ Guide line ပေးထားတဲ့ Determine the transaction price ဆိုတာ အသုံးချသွားတယ်လို့ နားလည်ရပါမယ်။ )

မေး။ ။ လုပ်ငန်းရဲ့ အရောင်း transaction တွေမှာ Financing Component ပါမပါ ဘယ်လိုသိနိုင်မလဲ။

ဖြေ။။ IFRS 15 အရဆိုရင် condition (2) ခုရှိပါတယ်။
1. ကုန်ပစ္စည်း ကို Delivery လုပ်တဲ့ date နဲ့ ငွေပေးတဲ့ date သည် သိသာစွာ ကွာဟနေလျှင် ဖြစ်စေ
2. ကုန်ပစ္စည်း ကို လက်ငင်းဝယ်တဲ့ စျေးနဲ့ contract မှာ ပါတဲ့ စျေးတို့ သိသာစွာ ကွာဟနေ လျှင်ဖြစ်စေ Financing component ပါနေပါမယ်

မေး။ ။ ဒါဆို တိုက်ခန်းတွေ အရစ်ကျရောင်းနေတာတွေ မှာ လက်ငင်းဝယ်တဲ့ စျေးနဲ့ အရစ်ကျ ဝယ်တဲ့စျေးမတူတာ Financing Component ပါနေနိုင်တာပေါ့။

ဖြေ။ ။ ဟုတ်ပါတယ်။ လက်ငင်းစျေး နဲ့ contract မှာပါတဲ့စျေးကွာဟ နေလို့ပါ။

Win Bo Myint Accountancy Training Centre
CPA. ACCA. Dip IFR , LCCI.DA.ICM, ojt