LCCI Level 1 & 2 Batch-14

ကျွန်တော်တို့ Win Bo Myint Accountancy training Centre မှ ဖွင့်လှစ်ပေးမည့် LCCI Level 1&2 နှင့် On Job Training 100% Online Class တန်းခွဲသစ် စတင်ဖွင့်လှစ်ပေးတော့မှာ ဖြစ်ပါတယ်…..

စာရင်းပညာလေ့လာပြီး လုပ်ငန်းခွင်ထဲကို ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် LCCI Level 1&2 နှင့် အတူ On Job Training ကိုပါ တွဲ၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါတယ်….

Level 1&2 မှာ ဘာတွေ သင်ကြားရမလည်း

LCCI Level 1&2 မှာ ဘယ်လို အကြောင်းအရာတွေ သင်ယူရမှာလည်းဆိုလျှင် စာရင်းပညာကို အခြေခံကနေစတင်ပြီး Daybook/ Ledger တွေ မှာ စနစ်တကျ ဘယ် လိုရေးသွင်းရမယ်.

တစ်ဦးတည်းပိုင်လုပ်ငန်း / အစုစပ်လုပ်ငန်း/ Company / Non Profit Organization အစရှိသည့် လုပ်ငန်းများအတွက် နှစ်ချုပ်စာရင်းတွေ ဘယ်လို ရေးဆွဲရတယ်ဆိုတာတွေကို လေ့လာသင်ကြားရမှာ ဖြစ်ပါတယ်… level 1&2 တက်ရန် ဖုန်းတစ်လုံးသာ လိုအပ်ပါတယ်..

On Job Training for Junior Accountant

ဘာတွေသင်ကြားပေးမှာလဲ

1. Trading Company တစ်ခုမှာ စာရင်းကိုင်တစ်ဦးသိသင့်သိထိုက်သော Knowledge Sharing လုပ်ပေးခြင်း
2. Source of document မှ စ၍ Financial statementများအထိ အခြေခံစာရင်းရေးသွင်းပုံအဆင့်ဆင့်ကိုလက်တွေ့သင်ကြားပေးခြင်း
3. အရောင်းစာရင်းအသေးစိတ်ရေးသွင်းပုံများ
4. Inventory အ၀င်အထွက် ရေးသွင်းခြင်း ၊ Inventory Valuation တွက်ချက်ခြင်းများ
5. Payment Vorcher and Receipt Vorcher များမှငွေစာရင်းရေးသွင်းမှု အသေးစိတ်များ
6. ဂျာနယ်လုပ်ငန်းစဉ်များ
7. လယ်ဂျာတည်ဆောက်ခြင်းများ
8. ပေးရန်ရှိ ရရန်ရှိစာရင်းများ ထိန်းချုပ်ခြင်းများ
9. အစမ်းရှင်းတမ်း ရေးဆွဲခြင်း
10. လချုပ် နှစ်ချုပ်များ ရေးဆွဲခြင်း

အဲဒါတွေအပြင်
🔺Basic Tax
🔺Basic Auditing အစရှိသည်တို့ကိုပါ သင်ကြားပေးမှာဖြစ်ပါတယ်..

သင်တန်းပြီးသွားရင် ဘယ်လိုအလုပ်မျိုးတွေ လျှောက်ထားနိုင်မလဲ

🔷Sale Admin
🔷Cashier
🔷Store Accountant
🔷Junior Accountant
🔷AP / AR controller

OJTသင်တန်းတက်ဖို့ ဘယ်လိုမျိုး ဘာတွေလိုအပ်မလဲ
တက်ရောက်မည့်သူများသည် စာရင်းအခြေခံအဆင့်နှင့် ကွန်ပျူတာ Excel အခြေခံအဆင့်ရှိသူများဖြစ်ရန် လိုအပ်သည်။

တက်ရောက်သင့်တဲ့သူတွေကတော့ ဆယ်တန်းအောင်မြင်ပြီးသား ညီအကို မောင်နှမတွေ ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသဖြင့် စာရင်းနှင့်ပတ်သက်ပြီး သိထားလိုသူများ၊ စာရင်းပညာကို စိတ်ဝင်စားသူများ မည်သူမဆို တက်ရောက်နိုင်ပါတယ်…

သင်တန်းကြေးကတော့

Option – 1
========
Level 1&2 သီးသန့်တက်မည့်သူများသည် (35000) ကျပ်သာ ကျသင့်မှာဖြစ်ပြီး UK exam ဖြေမည်ဆိုလျှင်တော့ သင်တန်းကြေး နောက်ထပ် (30000)ကျပ် ထပ်မံပေးသွင်းရမှာ ဖြစ်ပါတယ်..

Option 2
=======
OJT သီးသန့်တက်မည့်သူများ အနေဖြင့် သင်တန်းကြေး (45000) ကျသင့်မှာ ဖြစ်ပါတယ်..

Option – 3
========
Level 1&2 နှင့် OJT တွဲ၍ တက်မည့်သူများသည်
(70000) ကျပ်သာ ကျသင့်မှာ ဖြစ်ပါတယ်..

100%Online Class ဖြင့် သင်ကြားမှာပြီး Video File ဖြင့် သင်ကြားပေးမှာ ဖြစ်တဲ့အတွက် မည့်သည့် အရပ်ဒေသမှာဖြစ်ဖြစ် Internet ရှိလျှင် သင်ကြားနိုင်တော့မှာ ဖြစ်ပါတယ်.. သင်တန်းချိန်နဲ့ အလုပ်တိုက်နေတာ ၊ မိုးတွင်းကာလဖြစ်လို့ သွားရလာရ အခက်အခဲရှိမှာတွေကို ပူပင်စရာ မလိုတော့ပါဘူး….

ဒါအပြင် နားမလည်းတာတွေမေးဖို့အတွက်Zoom + live discussion လည်းပြုလုပ်ပေးသွားအုံးမှာပါ။

တက်ရောက်မည့် သင်တန်းသားများအနေဖြင့် ရန်ကုန်မြို့တွင်းဆိုပါက သင်တန်းကျောင်းတွင် Text book စာအုပ်လာထုတ်ရမှာဖြစ်ပြီး အခြားမြို့များမှ သင်တန်းသားများကိုတော့ Delivery ဖြင့် ပို့ဆောင် ပေးမှာ ဖြစ်တဲ့အတွက် ကြိုတင်ပြီး သင်တန်းအပ်ထားဖို့တော့ လိုမယ်နော်