LCCI Knowledge Sharing 5

Accured income
LCCI တက်ရောက်နေကြတဲ့ ကျောင်းသား ကျောင်းသူတွေ အတွက် Knowlege Sharing အနေနဲ့ မျှဝေပေးချင်တဲ့ အကြောင်းလေးကတော့ Financial Statement ရေးဆွဲလျှင် လိုအပ်လာမယ့် Adjustment အကြောင်းလေးပါ ။ အဲဒါကတော့ Accured income ပါ။
Accrued income(ဝင်ငွေ ရရန်ကျန်)
ဥပမာ-လုပ်ငန်းမှာအနေနဲ့ ငှါးရမ်းခ Rent received တစ်လကို $1000 ရတယ်ဆိုပါစို့…ဒါဆို SOPOL ရေးဆွဲတဲ့အခါ Rent received ကို Income အနေနဲ့ တစ်နှစ်စာ $12000(12×$1000)ကို ပြရမှာပါ…
သို့သော် လုပ်ငန်းအနေနဲ့ ငှါးရမ်းခကို ကိုးလစာ $9000 တော့ ငွေရပြီးပြီကျန်တဲ့ သုံးလစာ $3000 ကို စာရင်းပိတ်တဲ့အချိန်အထိ ငွေမရသေးဘူးဆိုပါစို့…ဒါဆို ရရန်ကျန်နေတဲ့ သုံးလစာ $3000ကို Accrued income(ဝင်ငွေရရန်ကျန်)လို့ ခေါ်ပါတယ်….SOPOL ရေးဆွဲတဲ့အခါ ငွေရပြီးသား $9000ကိုသာ income မှာပြလို့မရပါဘူး ငွေမရသေးတဲ့ $3000 ကို ထပ်ပေါင်းပြီး $12000ပြပေးရမှာပါ…SOFP ရေးဆွဲတဲ့အခါမှာလည်း $3000သည် ငွေမရသေးသည့်အတွက် ဝင်ငွေရရန်ရှိအနေနဲ့ current asset မှာ
ပြထားပေးရမှာဖြစ်ပါတယ်…
ဒါကြောင့် accrued income ကို Double entry သွင်းမည်ဆိုပါက သက်ဆိုင်ရာ income (ပေါင်း)-Cr (SOPOL) Accrued income(current asset)-Dr (SOFP)
Prepayment ရဲ့ အဓိပ္ပါယ်ကိုတော့ နောက်နေ့မှာ ဆက်လက်ရေးသားပေးပါ့မယ်…စာရင်းအင်းပညာလေ့လာနေသူများ အနေဖြင့် အထောက်အပံ့ဖြစ်မယ်ဆို ကျေနပ်ပါတယ်…