LCCI Knowledge Sharing 3

LCC တက်ရောက်နေတဲ့ ကျောင်းသား အများစု တွေ့ကြုံ ရတဲ့ Bad debt နှင့် Bad debt recovered အကြောင်းကို ပြောပြပေးချင်ပါတယ်…
————————————————————————–

Bad debt (အကြွေးဆုံး)
လုပ်ငန်းတိုင်း ကြွေးဆုံးနှင့်မကင်ကြးပါဘူး။ လုပ်ငန်းတွေအနေနဲ့ ကုန်ပစ္စည်းတွေကိုရောင်းချရာမှာ လက်ငင်းရောင်း (cash sale)နှင့် အကြွေးရောင်း(credit sale) ဟူ၍ နှစ်မျိုးရှိပါတယ်….
Bad debt (အကြွေးဆုံး) ရခြင်းသည် အကြွေးရောင်းခြင်းကြောင့်ဖြစ်ပါတယ်……
ကုန်ပစ္စည်းတွေကို အကြွေးရောင်းလျှင် စာရင်းသွင်းတဲ့အခါ Trade receivable A/C. -Dr Sale A/C. -Cr အနေနဲ့ စာရင်းသွင်းထားမှာပါ….
အကယ်၍ အကြွေးဆုံးသွားပါက ကုန်ကြွေးရရန်ရှိတွေ လျော့သွားမှာ ဖြစ်တဲ့အတွက် Trade receivable A/C -Cr Bad debt A/C. -Dr ဟူ၍ စာရင်းသွင်းပေးရပါတယ်။
စာရင်းပိတ်တဲ့အခါ Bad debt သည် လုပ်ငန်းအတွက် စရိတ်ဖြစ်တာကြောင့် SOPOLမှာ expense အနေနဲ့ ပြပေးရပါမယ်။
Bad debt (အကြွေးဆုံး)မှာ ၂မျိုးရှိပါတယ်။
(1)During the year bad debt (written off)
( တစ်နှစ်အတွင်း မည်သည့်အချိန်မဆို ဖြစ်နိုင်သော အကြွေးဆုံး။)
(2)Year end bad debt(to be written off)
( နှစ်ကုန်မှ သိရသော အကြွေးဆုံး)
SOPOL မှာ Bad debt(expense)အနေနဲ့ပြတဲ့အခါမှာတော့
During the year bad debt နှင့် Year end bad debt
နှစ်ခုလုံးပြပေးရပါမယ်……
=====================================
Bad debt recovered(အကြွေးဆုံးပြန်ရခြင်း)
လုပ်ငန်းတွေအနေနဲ့ ကုန်ပစ္စည်းတွေရောင်းထားတဲ့ ကုန်ကြွေးတွေအချိန်ကာလကြာမြင့်စွာ မရတဲ့အတွက် အကြွေးဆုံးအနေနဲ့ စာရင်းသွင်းပြီးချိန်မှ ပြန်ပြီးတော့ရတာမျိုးလည်း ရှိနိုင်ပါတယ်….
အဲ့လို အကြွေးဆုံးတွေပြန်ရလျှင် Bad debt recovered လို့ခေါ်ပါတယ်…..
Bad debt recovered မှာ (၂)မျိုးရှိပါတယ်…..
(1)During the year bad debt recovered
(တစ်နှစ်အတွင်းအကြွေးဆုံးပြန်ရခြင်း)
စာရင်းပိတ်ကာလအတွင်းမှာ အကြွေးဆုံးဖြစ်သွားတာကို နှစ်ကုန်စာရင်းမပိတ်ခင် ပြန်ပြီးတော့ရလျှင် During the year bad debt recovered လို့ခေါ်ပါတယ်…
စာရင်းသွင်းတဲ့အခါ အကြွေးဆုံးဖြစ်ခဲ့စဉ်က Bad debt(expense) A/C-Dr Trade receivable ….A/C -Cr ဟုစာရင်းသွင်းထားမှာပါ….
နှစ်ကုန် စာရင်းမပိတ်ခင် တစ်နှစ်အတွင်းပြန်ရပြီ ဖြစ်တဲ့အတွက်Bad debt အနေနဲ့ စာရင်းသွင်းစရာ မလိုတော့ ဒါကြောင့် Bad debt (exp)A/C-Cr Cash /Bank A/C – Dr ဟု စာရင်းပြန်သွင်းပေးရမှာပါ။
(2) Previous year bad debt recovered
(အရင်နှစ်များမှ အကြွေးဆုံးကိုပြန်ရခြင်း)
စာရင်းပိတ်ကာလအတွင်း အကြွေးဆုံးဖြစ်သွားတာ မဟုတ်ပဲအရင်နှစ်တွေတုန်းက အကြွေးဆုံးအနေနဲ့ သတ်မှတ်ခဲ့သော အကြွေးတွေကို ယခုမှပြန်ရလျှင် Previous year bad debt recovered လို့ခေါ်ပါတယ်…..
စာရင်းသွင်းတဲ့အခါမှာတော့ Bad debt သည် expense ဖြစ်တဲ့အတွက် သက်ဆိုင်ရာ စာရင်းပိတ်ကာလတွေမှာ Financial statement တွေရေးဆွဲရင် SOPOLမှာ expense အနေနဲ့ပြခဲ့မှာပါ…ယခု အကြွေးဆုံးပြန်ရချိန်တွင် Bad debt နဲ့ပတ်သက်ပြီး စာရင်းသွင်းထားတာ ဘာတစ်ခုမျှမရှိနိုင်တော့….
ဒါကြောင့် ငွေလည်းပြန်ရလိုက်ပြီဖြစ်တဲ့အတွက် Cash/ Bank A/C -Dr Bad debt recovered A/C- Cr ဟု စာရင်းသွင်းပေးရပါတယ်..
နှစ်ကုန်စာရင်းပိတ်တဲ့အခါမှာတော့
Bad debt recovered A/C ပိတ်လျှင် Bad debt recovered A/C -Dr SOPOL (income) – Cr အနေနဲ့ စာရင်းသွင်းပေးရပါတယ်..