dip ifr knowledge sharing 3

Implict interest rate in the lease ဆိုတာဘာလဲ? 

#️⃣Implict interest rate ဆိုတာ lessor ဘက်ကနေ လိုချင်တဲ့ interest (or) လိုချင်တဲ့ rate of return ဖြစ်ပါတယ်။

ဥပမာ lessor တစ်ယောက်က နေ Car တစ်စီးဝယ်လိုက်တယ်ဆိုပါစို့။ တန်ဖိုးအားဖြင့် ကျပ်သိန်း (200) ပေးခဲ့ရတယ်။ useful life အနေဖြင့် ( 5 year) အသုံးပြုလို့ရမယ်။ အဲဒီ Car ကို (5 year ) ငှားစားပါမယ်။ တစ်နှစ်ကို ( 50 သိန်း) ရမယ်။ ဒါကြောင့် စုစုပေါင်း ငှားရမ်းခ (5yr *50 သိန်း)= 250 သိန်း ရရှိပါမယ်။ ဒါကြောင့် lessor သည် Car ငှားရမ်းခြင်းကနေ Reurn သည် ( 250 -200=50) ရရှိပါတယ်။ Rate of return အားဖြင့် 50/ 200 *100=25% လောက် ရရှိပါတယ်။

Lease agreement တွေမှာတော့ Lessor အနေနဲ့ ခုလို Car ငှားရမ်းအ ပေါ် မှာ ဘယ်လောက်အကျိုးအမြတ်ယူတယ်ဆိုတာ ဖော်ပြမှာမဟုတ်ပါဘူး။

Lessee အနေနဲ့ Lessor ဝယ်ယူထားတဲ့ Fair value တန်းဖိုး (သိန်း 200) နဲ့ lessor ဘက်ကနေဘယ်လောက် rate of return ယူမလဲဆိုတာမသိနိုင်ပါဘူး။ တစ်နည်းအားဖြင့် lesseeသည် implict interest rate in the lease ကို မသိနိုင်ပါဘူး။

ဒါကြောင့် IFRS 16 မှာ Lease liability ကို PV ပြောင်းရင် DF % နဲ့ ပတ်သက်တဲ့ Guide line ကို lessee အနေနဲ့ implict interest rate in the lease မရနိုင်ခဲ့ရင် Lessee ရဲ့ incremental borrowing rate ကို အသုံးပြုလို့ရနိုင်ပါတယ် ပြောထားပါတယ်။

IFRS 16 မှာ 
Incremental Borrowing rate ဆိုတာဘာလဲ?
Implict interest rate ကို ဘယ်လိုတွက်မလဲ ?
ဘယ်လို Guide line တွေပေးထားလဲ?
(အပိုင်း 2 တွင် ဆက်လက်ဖော်ပြပါမည်)


2021 Dip IFR အတန်း အသေးစိတ် သိရှိလိုသူများအတွက် 
https://www.facebook.com/1416948325213850/posts/2728317497410253/

Win Bo Myint Accountancy Training Centre
CPA.ACCA.Dip IFR.LCCI.DA.ICM, OJT