CPA Knowledge Sharing 2

လုပ်ငန်းတိုင်းဟာ အမြတ်အစွန်းလိုချင်တဲ့ အဖွဲ့အစည်းတွေပါ။ လုပ်ငန်းရဲ့ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ အမြတ်အစွန်းတွေကိုရမရ ပြန်လည်ဆန်းစစ်ဖို့လို့ပါတယ်။ အရင်တုန်းက ဘယ်လိုတိုင်းတာပြီး ခု ဘယ်လိုတိုင်းတာကြသလဲ။
Balance Scorecard method
ဒီ method ဟာ လုပ်ငန်းတွေရဲ့ performance ကို ကောင်းမကောင်းတိုင်းတာတဲ့အခါမှာအသုံးပြုတာများပါတယ် ။ အရင်တုန်းကဆိုရင်တော့ လုပ်ငန်းတစ်ခုကို ကောင်းတယ်ဆိုးတယ်ဆိုတာကို sale/ cost / profit တွေနဲ့ တိုင်းတာကြပါတယ်။
Traditional မှာတုန်းကတော့ ၀င်ငွေတွေတိုးပြီးတော့ စရိတ်နည်းအောင် လုပ်နိုင်တယ်ဆိုရင် အဲဒီ လုပ်ငန်းဟာ ကောင်းတယ် လို့အများက လက်ခံထားကြပါတယ်။
လက်ရှိရောက်နေတဲ့Enviroment အခြေနေတွေဟာ အရင်လိုမဟုတ်တော့ပါဘူး။ ဒီလို Good and Services တွေလိုမျိုးသူလည်းလုပ်နိုင်တယ်ကိုယ်လည်းလုပ်နိုင်တယ်။ market အခြေနေ ဟာ အရမ်းကို competative ဖြစ်လာပါပြီ။ customer တွေမှာ ရွေးချယ်စရာ များလာတဲ့ အတွက် customer power များလာပါတယ်။
နောက်ဆက်တွဲအကျိုးဆက်ကတော့ customer ဘက်ကနေ Quality ကောင်းကောင်လိုချင်တယ်။ ၀န်ဆောင်မူဆိုရင် မြန်မြန်လိုချင်တယ်။ price ကိုနည်းနည်းပဲပေးချင်တယ်။
customer ရဲ့ need and want တွေကို Respond လုပ်တဲ့အနေနဲ့ တတ်နိုင်သမျှ လိုက်ပြီးတော့ ဖြည့်ဆည်းနိုင်ဖို့လိုပါတယ်။ မလုပ်နိင်ရင် customerတွေဟာ ပြိုင်ဘက်တွေဆီကို တွန်းပို့လိုက်သလိုဖြစ်သွားမှာပါ။
တစ်ကယ်လို့အဲဒီလိုအခြေနေမျိုးမှာ လုပ်ငန်းရဲ့ performance ကို Financial measure ဖြစ်တဲ့ Sale/ cost / profit တွေနဲ့ ဆက်လက်ပြီးတော့ တိုင်းတာနေမယ်ဆိုရင် ကာလတိုပဲ ကြည့်ပြီး ဆုံးဖြတ်တာတွေဖြတ်ပါတယ်။ (e.g ၀န်ထမ်းတွေကို Training ပေးရင် စရိတ်ကုန်မှာကြောက်ပြီး မလုပ်ရင် ရေရှည် အကျိုးရှိမယ့် အကျိုးကျေးဇူးတွေ နစ်နာနိုင်ပါတယ်။ / ၀န်ဆောင်မူတွေကို လျော့ချတာမျိုး )
ဒါကြောင့် ရှုဒေါင့်မျိုးစုံကနေ ထည့်တိုင်းသင့်ပါတယ်။ Balance Scorecard method ဟာ short term / long term အောင်မြင်မူ ကို တိုင်းသလို Financial / non- financial အောင်မြင်မူကိုပါ ထည့်တိုင်းပါတယ်။ ဒါ့အပြင် လုပ်ငန်းရဲ့ mission တွေ / objective တွေရ/ မရ ထည့်ပြီးတိုင်းပါတယ်။
အဓိအားဖြင့် profit organisation ဖြစ်တဲ့အတွက် Financial အရ အောင်မြင်မူ့ ရှိ/မရှိ တိုင်းပါတယ်။ (e.g profit တိုးလာခြင်းရှိမရှိ ROCE/ net profit margin အသုံးပြုပြီးတော့ တိုင်းပါတယ်။ Financial အရ အောင်မြင်ဖို့ဆိုတာ Customer အထင်အမြင် ကောင်းဖို့လိုပါတယ်။ ဒါကြေင့် customer perspective ကိုလည်း ထည့်သွင်းစဉ်းစားပါတယ်။ Customer ဘက်ကနေ အကောင်းမြင်ဖို့အတွက်ဆိုတာ ဘယ်လိုမျိုး process နေနဲ့ လုပ်းပေးနေလဲ/ ဘယ်လို driver တွေ က မောင်းနှင်နေသလဲ စသဖြင့် အဲတာတွေအကုန်လုံးကို ထည့်တိုင်းပါတယ်။ ဒါ့အပြင် လုပ်ငန်းတစ်ခုဟာ ရေရှည် အောင်မြင်ဖို့အတွက်ရော ဘာတွေ ဆက်လုပ်နေ လဲ ဆိုတာတွေကိုပါ ထည့်တိုင်းသွားပါတယ်။
အဲဒီလို ဘက်ပေါင်းစုံကနေ ထည့်တိုင်းပါတယ်။ ဒါကြောင့် ဒီနည်းလမ်းကိုအသုံးပြီုးတော့ တိုင်းတာမယ်ဆိုရင် မိမိလုပ်ငန်းအခြေနေရဲ့ လောလောဆယ် အခြေနေနဲ့ရေရှည်မှာဖြစ်လာမယ့် အခြေနေတွေကို သိနိုင်ပါတယ်။
WBM Auditing & Accounting Service