Dip IFR

Dip IFR ဘာသာရပ်သည် UK နိုင်ငံတွင် တည်ထောင်ထားသော ACCA အဖွဲ့အစည်းက ပေးအပ်သည့် Diploma တစ်ခုဖြစ်ပါတယ်။

တစ်နိုင်ငံနှင့်တစ်နိုင်ငံ စာရင်းထားသို့ပုံနှင့် စာရင်းသွင်းပုံချင်း မတူညီသည့် အတွက် စာရင်းကိုင်များအနေဖြင့် နိုင်ငံတစ်နိုင်ငံမှ တခြားနိုင်ငံသို့(သို့) ကုမ္ပဏီတစ်ခုမှ တခြားကုမ္ပဏီတစ်ခုမှ တစ်ခုသို့ ရွှေ့ပြောင်းလုပ်ကိုင်ရာတွင် အခက်အခဲများရှိနိင်ပါသည်။ ထိုကြောင့် တစ်နိုင်ငံနှင့် တစ်နိင်ငံ မတူညီသော စာရင်းထားသို့ပုံနှင့် စာရင်းသွင်းပုံများကို တညီတညာတည်း ဖြစ်စေရန် IASB မှ IAS များကို သတ်မှတ်ပီး လိုက်နာရေးဆွဲရန် ဆုံးဖြတ်ခဲ့ကြပါသည်။
ထိုကြောင့် Dip IFR ဘာသာရပ်ကို ပြည်တွင်းပြည်ပ ကုမ္ပဏီများတွင် စာရင်းကိုင်ရာထူးဖြင့် လုပ်ငန်းခွင် ဝင်ကြ မည့်(သို့) လက်ရှိစာရင်းကိုင် ရာထူးတွင် တာဝန်ထမ်းဆောင်နေသော Accountant (or) Auditor များတက် ရောက်သင့်ပါသည်။

Dip IFR စာမေးပွဲသည် ၆လ တစ်ကြိမ်ဖြင့် တစ်နှစ်လျှင် ၂ ကြိမ် (June/December) လများတွင် ကျင်းပပေးပါသည်။

လက်ရှိလုပ်ငန်းခွင်တွင် Dip IFR ပီးသော ကျောင်းသား/သူများ အနေဖြင့် တစ်လလျှင် အနည်းဆုံး ၇ သိန်းနှင့် ၁၀သိန်းဝန်းကျင်ရရှိနိုင်ပါသည်။ ထို့အပြင် ပြည်တွင်းပြည်ပ ကုမ္ပဏီကြီးတိုင်းတွင် မိမိကိုယ်ကို ယုံကြည်မှု့ရှိရှိ ဖြင့်အလုပ်လုပ်ကိုင်နိုင်ပြီ ထိုက်တန်သော လစာကောင်းမျာ ရနိုင်ပါသည်။

Dip IFR တက်တာနှင့် ပတ်သက်ပီး အများဆုံးကုန်ကျမည့် စရိတ်ကတော့
သင်တန်းကြေး – 300,000 ကျပ် ဝန်းကျင်
Exam ကြေး – 550,000 ကျပ် ဝန်းကျင် ဖြစ်ပါတယ်။
အားလုံးပေါင်းကြည့်မည် ဆိုပါက စုစုပေါင်း မြန်မာငွေ 850,000 kyats ဝန်းကျင်ဖြစ်ပါတယ်။ သို့သော် ၎င်း Amount ကိုတစ်ချိန်တည်း သွင်းစရာမလိုဘဲ သင်တန်းကြေးကိုသာ အရင်သွင်းရပီး Exam ကြေးကို စာမေးပွဲ မဖြေခင် ၃ လလောက်လိုမှ သွင်းရမှာဖြစ်ပါတယ်။ (အကယ်၍ ဦးဝင်းဗိုလ်မြင့် ကျောင်းတွင် CPA သင်တန်း တက်ဖူးပါက အထူး Discount ရှိပါသည်။)

Dip IFR ဘာသာရပ်ကို လေ့လာခြင်းအားဖြင့် IAS/IFRS များကို ကောင်းစွာနားလည် သဘောပေါက်ပြီး External Roport များကို ကောင်းစွာရေးဆွဲနိုင်ရန် အထောင်အကူဖြစ်လာစေပါသည်။ ထိုကြောင့် IFR တက်မည်ဆိုပါက ရင်းနှီးမြုပ်နှံထားသော သင်တန်းကြေးနှင့် စာမေးပွဲကြေးမှာ သင်တန်း အောင်မြင်ပြီးနောက် ၂ လနှင့်၃လ အတွင်းမှာပင် ပြန်ရရှိနိုင်ကာ တစ်ဘဝလုံး သုံးသွားနိုင်သောကြောင့် တန်ဖိုး ထားအပ်သော ပညာရပ်တစ်ခုဖြစ်ပါသည်။